Dreaming Black Cat

Whispers of an ordinary cat...

Ruby နှင့် တွေ့ ဆုံ ခြင်း ၎

ပြီးခဲ့ သောဆောင်းပါး တွင် ရူဘီ ၏ အခြေခံ OOP feature များကို ဖော်ပြခဲ့ ပါသည်။ ရူဘီသည် ယခင်ဆောင်းပါးများတွင် ရေးခဲ့သည့်အတိုင်း Object များ ကို အသုံးပြု ၍ ဖွဲ့ စည်းတည်ဆောက်ထားသော language တစ်ခုဖြစ်ပါသည်။ Java အစရှိသော language များကဲ့ သို့ primitive data type များကို အခြေခံ၍ object များ တည်ဆောက်ရေးသားခြင်းမဟုတ်ပဲ။ Number နှင့် String ကဲ့ သို့ primitive data type များသည် ပင်လျှင် Object များ အဖြစ်ဖွဲ့ စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရူဘီ ၏ OOP ကို နားလည်လိုပါ က ရူဘီ language အတွင်း object များ အချင်းချင်း မည်သို့ မည်ပုံ သက်ရောက်ဆက်နွယ်နေသည် ကို သိထားဖို့ လိုအပ်ပါသည်။

Basic Object နှင့် Object ဆွေစဉ်မျိုးဆက်

ရူဘီ တွင် အရာရာသည် BasicObject ဟုခေါ်သော object တစ်ခုကို အခြေခံပြီးတည်ဆောက်ထားပါသည်။ ၎င်း BasicObject တွင် object များ အား တည်ဆောက်၊ ရှင်းလင်း၊ ပြုပြင်ပြောင်းလဲ၊ အသုံးချစေနိုင်မည့် အနည်းဆုံးလိုအပ်သော feature အားလုံးကို ထည့်သွင်းထားပါသည်။ ထို object မှတစ်ဆင့် အခြားသော language feature များ အတွက် inheritance ကို အသုံးချ ၍ ဖြစ်စေ၊ အခြားနည်းများဖြင့် ဖြစ်စေ object များ အဆင့်အဆင့် တည်ဆောက်သွားခြင်းဖြစ်သည်။ (မှတ်ချက်။ ။ ရူဘီ အတွင်းပိုင်း object များ၏ အလုပ်လုပ်ပုံသည် အဓိက ရူဘီ ဗားရှင်း ကြီး များတွင် အပြောင်းအလဲများရှိကြပါသည်။ ဤ ဆောင်းပါးသည် ရူဘီ ဗားရှင်း 1.9.3 အား အသုံးပြုထားပါသည်။)

BasicObject ၏အခြေခံ feature များကို inherit လုပ်၍ object များအား runtime တွင် dynamic စီမံခန့်ခွဲစေနိုင်မည့် feature များကို ထပ်ဖြည့်ထားသော object မှာ Object ဖြစ်သည်။ စင်စစ်အားဖြင့် ကျန်သည့် ရူဘီ object အား လုံးသည် Object object ၏ desendent object များ သာ ဖြစ်ပါသည်။ထို့ကြောင့် BasicObject နှင့် Object တို့သည် ရူဘီ object များ အားလုံး၏ အရင်းအမြစ်ဖြစ်ပါသည်။ ထို object နှစ်ခု အောက်တွင် Module object နှင့် class-based OOP ကို အသုံးပြုစေနိုင်သည့် Class object များ အဆင့်ဆင့်ရှိကြပါသည်။ မှန်ပါသည်။ ရူဘီတွင် class များ ကိုယ်တိုင်က object ဖြစ်ပါသည်။ class keyword တစ်ခု အသုံးပြု ပြီး class အသစ်တစ်ခု ကြေညာခြင်းသည် စင်စစ်အားဖြင့် နောက်ကွယ်တွင် Class object ၏ instance တစ်ခုတည်ဆောက်လိုက်ခြင်းပင်ဖြစ်ပါသည်။

“Object Hierarchy in Ruby”
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
class One
end

class Two < One
end

class Three < Two
end
# Create ob as instance of class Three
# and display the class name
ob = Three.new
x = ob.class
puts( x )
# now climb back through the hierarchy to
# display all ancestor classes of ob
begin
x = x.superclass
puts(x.inspect)
end until x == nil
“Output”
1
2
3
4
5
6
Two
One
Object
BasicObject
nil
=> nil

အထက်ပါ ကုတ်တွင် class hierarchy အဆင့်ဆင့်ကို တွေ့နိုင်ပါသည်။ ထူးခြားချက်မှာ BasicObject ၏ superclass သည် nil ဖြစ်ပါသည်။ တစ်နည်းအားဖြင့် BasicObject သည် parent မရှိသော အခြေခံအကျဆုံး object ပင်ဖြစ်ပါသည်။ superclass method သည် BasicObject မှ ထည့်ပေးထားသော method တစ်ခုဖြစ်ပြီး object တစ်ခု၏ parent class ကို ဖော်ပြပေးပါသည်။ထို့ကြောင့် ရူဘီ တွင် object instance အားလုံးသည် Object ၏ descendent များသာ ဖြစ်ပါသည်။ထို့အတူ class များ ကိုယ်တိုင်ကို လည်း superclass ခေါ်ကြည့်နိုင်ပါသည်။

“Class Hierarchy in Ruby”
1
2
3
4
5
6
7
8
9
10
11
12
13
14
class One
end

class Two < One
end

class Three < Two
end
x =Three.class
begin

puts(x.inspect)
x = x.superclass
end until x == nil
“Output”
1
2
3
4
5
Class
Module
Object
BasicObject
=> nil

ထို့ကြောင့် One , Two , Three အစရှိသော class များသည်လည်း BasicObject မှဆင်းသက်လာသော object များသာ ဖြစ်ကြောင်းတွေ့နိုင်ပါသည်။ Class နှင့် Module object များသည် အခြား object များကို တည်ဆောက်ရန်ဖွဲ့စည်းထားသော အထူး object နှစ်မျိုးဖြစ်ပါသည်။ ထို အထူး object နှစ်မျိုးကို အသုံးပြု ၍ သာမန် class-based OOP ပုံစံအတိုင်း object များ တည်ဆောက်အသုံးပြု ခြင်းဖြစ်ပါသည်။ စင်စစ်အား ဖြင့် One , Two စသည်တို့သည် Class class ၏ instance object များ အား သိမ်းဆည်းထားသော constant များသာ ဖြစ်ပါသည်။ ထို့ကြောင့် class keyword ဖြင့် အသုံးပြု ၍ class တစ်ခု ကြေညာအတိုင်း Class class ၏ instance object တစ်ခုတည်ဆောက်ပြီး မိမိတို့ပေးလိုသော class အမည် constant ဖြင့် ၎င်း object ကို store လုပ်ထားခြင်းသာဖြစ်ပါသည်။ ဤ နေရာတွင် ထူးခြားချက်မှာ Class class ၏ class သည် ၎င်း ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ဤမျှ ဆိုလျှင် ရူဘီတွင် အရာရာသည် object ဖြစ်ကြောင်း မြင်နိုင်ပြီဟု ထင်ပါသည်။

ထိုသို့ အရာရာ သည် object များ ဖြစ်သည့် အားလျော်စွာ သာမန် object များအား runtime တွင် ပြု ပြင် ပြောင်းလဲသကဲ့သို့ Class object များအားလည်း runtime တွင် ပြု ပြင်ပြောင်းလဲနိုင်ပါသည်။ဤသည်ပင် လျှင် ရူဘီ၏ dynamic ဖြစ်သော စွမ်းအား အစစ်အမှန်ဖြစ်ပါသည်။

အပွင့် class များ

ရူဘီတွင် object တစ်ခု၏ တန်ဖိုးကို အချိန်မရွေး ပြင်ဆင်ထည့်သွင်းနိုင်ပါသည်။ class များသည် လည်း object များဖြစ်ရာ class များကို လည်း အချိန်မရွေးအလွယ်တကူ ပြင်ဆင်နိုင်ပါသည်။ထိုသို့ ပြင်ဆင်နိုင်ရန်လည်း BasicObject နှင့် Object များ တွင် method များ ထည့်သွင်းပေးထားပါသည်။ Java အစရှိသော Compiled OOP language များတွင် class တစ်ခုအားကြေညာပြီး compile လုပ်ပြီးသွားသည်နှင့် ၎င်း ကြေညာ ချက်သည် အသေဖြစ်သည်။ ၎င်း class ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြန် compile မလုပ် ပဲ ပြင်ဆင်နိုင်ခွင့်မရှိတော့ပါ။ ရူဘီမှာ မူ class များသည် အပွင့် ဖြစ်ပါသည်။ မိမိနှစ်သက်ရာ method တစ်ခုအား class တစ်ခုအတွင်းသို့ အချိန်မရွေး ထည့်သွင်းနိုင်ပါသည်။

“Open Classes”
1
2
3
4
5
6
7
8
9
10
11
12
13
class Person
   def name
      "John"
   end
end
 p = Person.new
class Person
   def email
      "john@gmail.com"
   end
end
puts p.name
puts p.email

အထက်ပါကုတ် တွင် ပထမဦးစွာ Person class တစ်ခု ကြေညာလိုက်ပါသည်။ ၎င်း Person class တွင် name ဟူသည့် method တစ်ခုသာ ပါပါသည်။ ထို့နောက် ၎င်း Person instance တစ်ခု တည်ဆောက်လိုက်ပါသည်။ထို့နောက် ထပ်မံ၍ Person class ကို ကြေညာပြီး email method ကို ဖြည့်သွင်းပါသည်။

“Output”
1
2
3
John
john@gmail.com
=> nil

ရူဘီတွင် class အားလုံးသည် အပွင့် class များ ဖြစ်သဖြင့် class definition အား တစ်ခုထက်ပို၍ ကြေညာသော်လည်း error မတက်ပါ။ ၎င်း Person class ၏ definition ကို သာ ထပ်မံ ဖြည့်သွင်းသော definition ဖြင့် ပြင်ဆင်ဖြည့်သွင်းသွားမည်ဖြစ်ပါသည်။ ထို့ ကြောင့် p object သည် မူလတည်ဆောက်စဉ်က email method ကိုမသိခဲ့ သော် လည်း ထပ်မံကြေညာသော class definition အရ email method ကို သိရှိပြီး invoke လုပ်သွားခြင်းဖြစ်ပါသည်။

အပွင့် class များ သည် ရူဘီ ၏ အလွန်အရေးပါသော စွမ်းအားတစ်ခု ဖြစ်ပါသည်။ အပွင့် method များကို အသုံးချ ၍ မူလ built-in ပါဝင်သော standard lirbray များကို ပင် ပြင် ဆင် ထည့်သွင်းနိုင်ပါသည်။ဥပမာ ရူဘီ၏ built-in String class အတွင်း သို့ မိမိဘာသာ method တစ်ခု ထည့်သွင်းလိုသည် ဆိုပါစို့။

“Monkey Patching”
1
2
3
4
5
6
7
class String
   def kill_command
      puts( "Avada Cadabra" )
   end
end
s = String.new
s.kill_command
“Output”
1
2
Avada Cadabra
=> nil

အထက်ပါ ကုတ် ကဲ့ သို့ String class ကို ဖွင့်၍ မိမိထည့်သွင်းလိုသော method အား ထည့်သွင်းလိုက်ရုံပင် ဖြစ်သည်။ ထိုသို့ မူလရှိပြီးသား class များ အား ပြင်ဆင်ထည့်သွင်းခြင်း အား Monkey Patching ဟုတ်ခေါ်ပါသည်။ သတိပြုရန်တစ်ချက်မှာ Monkey Patching သည် မူလ class များအား overwrite လုပ်ခြင်း ဖြစ်ရာ ဂရုမပြုမိပါက မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း ဖြစ်သည်။

Singleton method များ

အပွင့် class များသည် class တစ်ခု၏ ဆောင်ရွက်နိုင်စွမ်းကို dynamically ပြု ပြင်နိုင်စွမ်းကိုပေးပါသည်။ သို့သော် တစ်ခါတစ်ရံ မိမိ ထပ်မံဖြည့်သွင်းလိုသော feature သည် class တစ်ခုလုံးနှင့် မသက်ဆိုင်ပဲ instance object တစ်ခုခုနှင့် သာ သက်ဆိုင်နေတတ်ခြင်းမျိုး ရှိတတ်ပါသည်။ ထို အခါမျိုး တွင် Singleton method များကို အသုံးပြု နိုင်ပါသည်။

“Person class”
1
2
3
4
5
6
7
8
9
10
class Person
   def initialize(name)
      @name  = name
   end
   def name
      @name
   end
end
mgmg = Person.new("Mg Mg")
spiderman = Person.new("Peter Parker")

အထက်ပါ ကုတ် Person class တစ်ခု ကြေညာပြီး Person instance နှစ်ခု တည်ဆောက်လိုက်ပါသည်။ spiderman object ကိုသာ super_power method တစ်ခုထပ်ဖြည့်လိုသည်ဆိုပါစို့။ အကယ်၍ Person class ကို ထပ်ဖွင့် ၍ super_power method ကို ထည့်သွင်းပါက mgmg object သည် လည်း ၎င်း method ကို သိနေမည်ဖြစ်သည်။ ထို အခါမျိုး တွင် spiderman instance အား method တစ်ခု ထပ်မံ ဖြည့်သွင်းနိုင်ပါသည်။

“Adding a singleton method”
1
2
3
def spiderman.super_power
   puts "throw some web"
end
“Output”
1
2
3
4
5
1.9.3-p448 :018 >   spiderman.super_power
throw some web
 => nil
1.9.3-p448 :019 > mgmg.super_power
NoMethodError: undefined method `super_power' for #<Person:0x8fa2334 @name="Mg Mg">

အလားတူပင် class keyword ကို အသုံးပြု ၍ လည်း ကြေညာနိုင်ပါသည်။ class keyword ကို သုံးလိုပါက class keyword နောက်တွင် << operator နှင့် မိမိ ထည့်သွင်းလိုသော object instance ကို အသုံးပြု ရပါသည်။

“Adding a singleton method”
1
2
3
4
5
6
spiderman = Person.new("Peter Parker")
class << spiderman
   def super_power
      puts "jump around"
   end
end
“Output”
1
2
3
4
5
1.9.3-p448 :018 >   spiderman.super_power
jump around
 => nil
1.9.3-p448 :019 > mgmg.super_power
NoMethodError: undefined method `super_power' for #<Person:0x8fa2334 @name="Mg Mg">

မည်သည့်နည်းကို အသုံးပြု ပြီး ကြေညာ သည် ဖြစ်စေ မိမိကြေညာလိုက်သော method သည် ၎င်း instance object အတွင်း singleton method တစ်ခု အဖြစ် ၀င်ရောက်သွားပါသည်။ object instance တစ်ခုတွင် ရှိသော Singleton methods များကို သိလိုပါက “Object#singleton_methods” method ကို အသုံးပြု ၍ ကြည့်ရှုနိုင်ပါသည်။

အပွင့် class များ နှင့် Singleton method များသည် ရူဘီ၏ ပြောင်းလဲပြင်လွယ်ဖြစ်မှုကို ဖော်ပြပါသည်။ ထို့ကြောင့် ရူဘီ class တစ်ခု ကို နေရာတစ်နေရာ ထက်ပို ၍ ကြေညာအသုံးပြု နိုင်သလို runtime ရောက်မှ အလျဉ်းသင့် သလို method များ ထည့်သွင်း အသုံးပြု နိုင်ပါသည်။ ထိုသို့ dynamicနည်းဖြင့် ထိန်းချုပ် ရေးသား ခြင်းကို Meta Programming ဟုခေါ်ပြီး Meta Programming သည် အဆင့်မြင့် ရူဘီ ပရိုဂရမ်များ ရေးသားရာ၌ တွင်ကျယ်စွာ အသုံးပြု သော Programming Technique တစ်မျိုး ဖြစ်ပါသည်။ Meta Programming အကြောင်းနှင့် ပတ်သက်၍ အလျင်းသင့်လျှင် ထပ်မံဖော်ပြသွားပါဦးမည်။

Class တစ်ခု အတွင်းရှိ Constant များ

ရူဘီ တွင် class definition တစ်ခု အတွင်း၌ constant များ ကြေညာနိုင်ပါသည်။ ထို constant များကို class အပြင် မှ အသုံးချလိုပါက Scope Resolution Operator “::” ကို အသုံးပြု ၍ ခေါ်ယူနိုင်ပါသည်။ဥပမာ

“Constant inside a class”
1
2
3
4
class A
SOME_CONST = 10
end
puts A::SOME_CONST
“Output”
1
2
3
1.9.3-p448 :018 >puts A::SOME_CONST
"10"
=> nil

class အမည်များသည်လည်း Constant များ ဖြစ်ပြီး class တစ်ခုအား အခြား class တစ်ခုအတွင်း တွင် ညှပ် ၍ ကြေညာနိုင်ပါသည်။ ထိုသို့ကြေညာခြင်းအားဖြင့် namespace အဖြစ် အကျိုးသက်ရောက် အသုံးပြုနိုင်ပါသည်။သို့ရာတွင် Namespace ပေးခြင်းကို Module များဖြင့် သာ Namespace ပေးခြင်းက ပိုအသုံးများ ပါသည်။

ဆက်ပါဦးမည်..

ကျေးဇူးတင်ပါသည်

dbc

ရှေ့ ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၃