Dreaming Black Cat

Whispers of an ordinary cat...

Ruby နှင့် တွေ့ ဆုံ ခြင်း ၅

ရှေ့ ဆောင်းပါးတွင် ရူဘီ ၏ object အခြေခံသဘာဝအားဖော်ပြခဲ့ပါသည်။ ယခုဆောင်းပါးတွင် ရူဘီ၏ ပင်မ စွမ်းအားတစ်ခု ဖြစ်သော Module များ အကြောင်းကို ဖော်ပြသွားမည် ဖြစ်ပါသည်။

Module များအား တည်ဆောက်ခြင်း

Module များသည် class များကဲ့သို့ပင် method များ၊ instance variable များ၊ class variable များ၊ constant များအား ခြုံ ငုံ ထည့်သွင်းထားနိုင်သော၊ အမည်ပေးနိုင်သည့် ကုတ်အစုအဝေးတစ်ခု ဖြစ်ပါသည်။ သို့ရာ တွင် Module တစ်ခုကို အသုံးပြု ၍ class တစ်ခုကဲ့ သို့ object instance များ တည်ဆောက်ခြင်း မပြု နိုင်ပါ။ Module တစ်ခုကို တည်ဆောက်လိုပါက class keyword နေရာတွင် module keyword ကို အစားထိုးသုံးစွဲရပါသည်။ ထို module keyword နှင့် end keyword အကြားတွင် class တစ်ခုကဲ့သို့ ပင် method များ ကြေညာခြင်း၊ Constant များကြေညာခြင်း အစရှိသဖြင့် ပြု လုပ်နိုင်ပါသည်။ သို့ရာတွင် Module များသည် class တစ်ခုကဲ့သို့ instance object များ မတည်ဆောက်နိုင်သည့်အတွက် initialize hook method အားအသုံးပြု နိုင်မည် မဟုတ်ပါ။ဥပမာ

“Module Definition”
1
2
3
4
5
module MyModule
  MY_CONSTANT = "My constant"
  def my_method
  end
end

Module များ အား အဓိက အား ဖြင့် namespace များ တည်ဆောက်ရာ၌လည်းကောင်း၊ class များအတွင်း တူညီသော functionality တစ်ခုအား mix-in များ အဖြစ်ရောမွှေအသုံးပြု ရာ၌ လည်းကောင်း အသုံးချလေ့ရှိပါသည်။

Ruby နှင့် တွေ့ ဆုံ ခြင်း ၎

ပြီးခဲ့ သောဆောင်းပါး တွင် ရူဘီ ၏ အခြေခံ OOP feature များကို ဖော်ပြခဲ့ ပါသည်။ ရူဘီသည် ယခင်ဆောင်းပါးများတွင် ရေးခဲ့သည့်အတိုင်း Object များ ကို အသုံးပြု ၍ ဖွဲ့ စည်းတည်ဆောက်ထားသော language တစ်ခုဖြစ်ပါသည်။ Java အစရှိသော language များကဲ့ သို့ primitive data type များကို အခြေခံ၍ object များ တည်ဆောက်ရေးသားခြင်းမဟုတ်ပဲ။ Number နှင့် String ကဲ့ သို့ primitive data type များသည် ပင်လျှင် Object များ အဖြစ်ဖွဲ့ စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရူဘီ ၏ OOP ကို နားလည်လိုပါ က ရူဘီ language အတွင်း object များ အချင်းချင်း မည်သို့ မည်ပုံ သက်ရောက်ဆက်နွယ်နေသည် ကို သိထားဖို့ လိုအပ်ပါသည်။

Basic Object နှင့် Object ဆွေစဉ်မျိုးဆက်

ရူဘီ တွင် အရာရာသည် BasicObject ဟုခေါ်သော object တစ်ခုကို အခြေခံပြီးတည်ဆောက်ထားပါသည်။ ၎င်း BasicObject တွင် object များ အား တည်ဆောက်၊ ရှင်းလင်း၊ ပြုပြင်ပြောင်းလဲ၊ အသုံးချစေနိုင်မည့် အနည်းဆုံးလိုအပ်သော feature အားလုံးကို ထည့်သွင်းထားပါသည်။ ထို object မှတစ်ဆင့် အခြားသော language feature များ အတွက် inheritance ကို အသုံးချ ၍ ဖြစ်စေ၊ အခြားနည်းများဖြင့် ဖြစ်စေ object များ အဆင့်အဆင့် တည်ဆောက်သွားခြင်းဖြစ်သည်။ (မှတ်ချက်။ ။ ရူဘီ အတွင်းပိုင်း object များ၏ အလုပ်လုပ်ပုံသည် အဓိက ရူဘီ ဗားရှင်း ကြီး များတွင် အပြောင်းအလဲများရှိကြပါသည်။ ဤ ဆောင်းပါးသည် ရူဘီ ဗားရှင်း 1.9.3 အား အသုံးပြုထားပါသည်။)

Ruby နှင့် တွေ့ ဆုံ ခြင်း ၃

ပြီးခဲ့ သောဆောင်းပါးတွင် Looping Structures များအတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ဖော်ပြခဲ့ပါသည်။ ယခု ရူဘီ ၏ object-oriented programming စွမ်းအား ကို မိတ်ဆက်ရန် အချိန်တန်ပြီဟုထင်ပါသည်။

Class and Objects

ရူဘီသည် programming style တစ်မျိုးထက်မက ရေးနိုင်သော multi-paradign language တစ်ခုဖြစ်ပါသည်။ ၎င်းတို့ ထဲတွင် မှ object-oriented programming(OOP) ကို များစွာအသားပေးထားပါသည်။ သို့သော် Java ကဲ့ သို့ class အခြေပြု OOP ပုံစံတစ်မျိုးထဲတော့ မဟုတ်ပါ။ ရူဘီတွင် အရာရာသည် object ဖြစ်ပါသည်။ ယုတ်စွ အဆုံး 1 , 2, 3 အစရှိ interger literal များ သည် ပင် object များ ဖြစ်ပါသည်။ ရူဘီ တွင် primitive data type ဟူ ၍ မရှိပါ။ ရူဘီ object များ အချင်းချင်း method call များ ဖြင့် message များ ပို့ ခြင်းအားဖြင့် အလုပ်လုပ်ပါသည်။ ရူဘီ သည် smalltalk ၏ object-based concept ကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရူဘီ ကို ထိထိရောက်ရောက် အသုံးချလိုလျှင် ရူဘီ ၏ object model ကို တော့ နားလည်ထားဖို့ လိုအပ်ပါသည်။ပထမဦးစွာ အခြား OOP language များကဲ့ သို့  အသုံးပြုပုံကို ဖော်ပြပါမည်။

ပုံမှန် OOP ကဲ့ သို့ ပင် ရူဘီ တွင် class များ ကြေညာနိုင်ပါသည်။ class တစ်ခု သည် object တစ်ခု ဆောက်ဖို့ အတွက် blueprint တစ်ခု ဖြစ်သည်။ ရူဘီတွင် class တစ်ခုကို class keyword ဖြင့် တည်ဆောက်ပြီး class keyword နောက်တွင် မိမိ ကြေညာလိုသော class နာမည်ကို ရေးရပါသည်။ ထို့နောက် end keyword ဖြင့် အဆုံးသတ်ပေးရပါသည်။ ထို class နှင့် end keyword နှစ်ခုအကြားတွင်ရေးသော ကုတ်သည် ထို class နှင့်သက်ဆိုင်သော ကုတ်ပင်ဖြစ်ပါသည်။

Ruby နှင့် တွေ့ ဆုံခြင်း ၂

ပြီးခဲ့ သော ဆောင်းပါး တွင် ရူဘီ language မိတ်ဆက်အဖြစ် variable, types, condtionals စသည်တို့ အကြောင်း ရေးခဲ့ပါသည်။ ဆက်လက်၍ looping structures များ အကြောင်း ဖော်ပြသွားပါမည်။

Looping Structures

ပုံမှန်အားဖြင့် programming basic တွင် conditional များ ပြီးသည်နှင့် looping structure များ လာရမြဲ ဖြစ်သည်။ သို့ သော် ရူဘီ တွင် looping အသုံးပြု ပုံသည် အခြား language များနှင့် ခြားနားပါသည်။ Loop structure ကို သုံး ရန် အကြောင်းပြချက် အကြမ်းအားဖြင့် ၂ မျိုး ရှိသည်ဟု ဆိုနိုင်ပါသည်။ တစ်မျိုး မှာ အကြိမ်ကြိမ် အဖန်ဖန် လုပ်ရသော အရာ များ အတွက် သုံးခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာတော့ collection ဟုခေါ်သော data ကို အစုအဝေး ဖြင့် သိမ်းဆည်းသည့် data structure များကို သုံးခြင်း၊ ပြင်ခြင်း၊ အသစ်ထည့်ခြင်း များ ပြုလုပ်ရန်ဖြစ်သည်။ ရူဘီ တွင် နှစ်မျိုးလုံးအတွက် loop structure များ သီးသန့် ရှိပါသည်။ ပထမတစ်မျိုးတွင် အကျုံး ၀င်သော looping များ အတွက် loop, while,until နှင့် for in control structure များ ရှိသည်။အရိုးရှင်းဆုံးမှာ loop statement ဖြစ်သည်။

loop statement

loop statement ကို အရိုးရှင်းဆုံး infinite loop တစ်ခုအတွက်သုံးနိုင်သည်။ဥပမာ

“loop Statement”
1
2
3
   loop do
     puts "hello"
   end

အထက်ပါ loop သည် user က ctrl+c မနှိပ်မချင်း loop ပတ်နေမည့် infinite loop တစ်ခုဖြစ်သည်။ သူ့ချည်း သက်သက်ကတော့ သိပ်အသုံးမ၀င် ပါ။ သို့ သော် ထို loop ကို control လုပ်နိုင်မည့် break, next နှင့် redo keyword များလည်းရှိပါသည်။ break keyword သည် loop ကို ရပ်သွားစေမည့် keyword ဖြစ်ပြီး next keyword ကတော့ လက်ရှိအကြိမ် ကျော် ၍ နောက်တစ်ကျော့ကို skip လုပ်မည့် keyword ဖြစ်သည်။ redo ကတော့ လက် ရှိအကျော့ကို ထပ်ကျော့ လုပ်စေမည့် keyword ဖြစ်သည်။ ၎င်း keyword များ ဖြင့် တွဲသုံးပါက loop statement သည် လည်း အစွမ်းထက်သော control structure တစ်ခု ဖြစ်လာပါသည်။

Ruby နှင့် တွေ့ ဆုံခြင်း ၁

ကျွန်တော့် ဘ၀ တွင် Programming နှင့်ပတ်သက်၍ အကြီးမားဆုံး အပြောင်း အလဲ နှစ်ခု ရှိပါသည်။ ပထမတစ်ခုမှာ ကွန်ပျူ တာ ပထမနှစ်တွင် ဒေါက်တာဒေါ်အိအိလှိုင် နှင့် C++ ဖြင့် Programming အခြေခံကို သင်ကြားခဲ့ ရခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ Ruby on Rails ကို စတင် လေ့လာခွင့် ရခဲ့ခြင်းဖြစ်ပါသည်။ Ruby on Rails ကို စတင်လေ့လာခွင့် ရခဲ့ချိန်မှ စ၍ Programming အပေါ်ထားသော ကျွန်တော့် သဘောထား များ စွာ ပြောင်းလဲခဲ့ ပါသည်။ ယင်းမတိုင်မီ က Web Development သည် ကျွန်တော့ အတွက် ခက်ခဲသော ဘာသာတစ်ခုဖြစ်ခဲ့ သည်။ သို့သော် Convention Over Configuration နှင့် Programmer Happiness ကို အဓိကထားသော Rails Framework နှင့် Ruby Language က Web Development ကို လွယ်ကူအောင် ဖန်တီးပေးခဲ့သည်။ ထို့ အပြင် ယခင် က Programming Language အသစ်များ၊ Technology အသစ်များကို ကြောက်ရွံ့ ခဲ့သော ကျွန်တော့်ကို လည်း အသစ် အဆန်း ဆိုတာ ကြောက်စရာမဟုတ်ကြောင်း မီးမောင်းထိုးပြပေးခဲ့ပါသည်။ _why က ပြောခဲ့သည့် Vitamin Rအား ကျွန်တော်နှင့် အလားတူ ခံစားနေရသူများ အတွက် ကျွန်တော် တတ်စွမ်းသလောက် ကျွန်တော် ပြန်လည် ဝေမျှချင်သည့်အတွက် ဤ စာကို ရေးပါသည်။

Vitamin R. Goes straight to the head. Ruby will teach you to express your ideas through a computer. You will be writing stories for a machine. * Why’s Poignant guide to Ruby-_why_the_lucky_stiff*

ရူဘီ အခြေခံကို လေ့လာရန် အတွက် လေ့လာစရာ အရင်းအမြစ်များ အင်တာနက်ပေါ်တွင် အလွန်များပြားပါသည်။ သို့သော် ၀မ်းနည်းစရာတစ်ချက်က ကျွန်တော် ဤ စာကို ရေးသည့်အချိန် ထိ မြန်မာဘာသာဖြင့် ရေးသားသော ရူဘီ ပရိုဂရမ်မင်း အကြောင်း စာများ အတော်ပင်နည်းပါး လှပါသည်။ ထို ကဲ့ သို့ လွတ်နေသော ကွက်လပ် တစ်ခု တွင် တတ်စွမ်းသမျှ ၀င်ရောက် ဖြည့်ဆည်းပေးချင်ပါသည်။

ကျွန်တော် ရူဘီကို စတင်လေ့လာ စဉ် က Java,C++,Javascript အစရှိသည့် ပရိုဂရမ်ဘာသာစကားများ အထိုက်အသင့် လေ့လာခဲ့ ပြီး ဖြစ်ပါသည်။ ထို့ အတွက် ပရိုဂရမ်ဘာသာစကား အားလုံးအတွက် အခြေ ခံ ဖြစ်သော variable, loop, function, array, data types, conditionals အစရှိသည်များ ကို ကျွမ်းဝင် ပြီး ဖြစ်သည်။ ဤ စာဖတ်သူ အများစုလည်း အလားတူ ဖြစ်မည် ဟု ယူဆပါသည်။ ထို့ကြောင့် ထို အပိုင်းများကို ကျွန်တော် သေချာ ရှင်းပြမည် မဟုတ်ပါ။ အခြား language များနှင့် ကွဲပြားခြားနား သည်များကို သာ ဦးစားပေးရေးသွားမည်ဖြစ်ပါသည်။ ထို့ အတူ ရူဘီ ကို install လုပ် ခြင်း နှင့် သက်ဆိုင် သောအကြောင်းအရာများကို လည်း ရေးသွားမည်မဟုတ်ပါ။ အကယ်၍ ရူဘီကို install လုပ်ချင်ပါက “how to install ruby” ဟုသာ ဂူဂယ် လိုက်ပါ။ သိပ်အခက်အခဲ မရှိပဲ သွင်းနိုင်ပါလိမ့်မည်။ပထမဆုံး variable များအကြောင်းက စပါမည်။

Octopress Blog အသစ်

ကျွန်တော့် အနေနဲ့ ကျောင်းသားဘ၀ကထဲက ကိုယ်ပိုင် ဘလော့ခ် တစ်ခု ရေးချင်ခဲ့ တာ ကြာပါပြီ။ ဒီကြားထဲမှာ blogging engine တစ်ချို့ နဲ့ စမ်းရေး ကြည့်ခဲ့ ပေမဲ့ content လည်း မယ်မယ်ရရ မရှိ၊ စွဲစွဲ မြဲမြဲ လည်း မရှိခဲ့ ပါဘူး။ နောက် ပိုင်း မှာ Ruby Programming ကို စလေ့လာ ပြီး နောက်ပိုင်း Ruby Community နဲ့ စတင်ထိတွေ့ ခဲ့ ပါ တယ်။ Expert တွေ၊ Geek တွေ ရဲ့  blog တွေ ကို ဖတ်ရပြီး သူတို့ တွေ လို မျိုး ကိုယ်ကိုယ်တိုင်လည်း စာဖတ်သူတွေ အကျိုး ရှိစေမဲ့ blog မျိုး ရေးချင်လာပါတယ်။ အဲဒီ မှာ Octopress Project ကို စတွေ့ တာ ပါပဲ။ စဖတ်ရကထဲက stactic page ဆိုတာက ကျွန်တော့ စိတ်ကို ဆွဲဆောင်စေပါတယ်။ Markdown format နဲ့ ရေးရတာက အလုပ်ရှုပ်သက်သာစေပါတယ်။ နောက် Community က ပေးထားတဲ့ အခြေခံ theme တွေက လည်း ရိုးရှင်းပြီး ကြည့်လို့ကောင်းပါတယ်။ ဒါနဲ့ စပြီး လုပ် ဖြစ်ပါတယ်။ စလုပ်တော့ ကိုယ်ပိုင် theme လုပ်မယ်ဆို ပြီး စလုပ်ပါတယ်။ ဒါပေမဲ့ နဂိုတည်း က web design ပါရမီမပါလှတဲ့ ကျွန်တော့် အတွက် ကျွန်တော့် theme က သူများ တွေ လုပ်ထားတာလောက် လည်း ကြည့်လို့မကောင်း ကာလာလည်း မအပ်စပ်တာနဲ့ Octorpress Themes က lavendar theme ကို ယူထားပါတယ် basic theme ကို ကာလာ ပဲ ချိန်းထားတာပါ။ ရိုးရှင်းပြီး မျက်စိအေးပါတယ်။

တကယ်တော့ စာရေးရတာ မလွယ်ပါဘူး။ ငယ်ငယ်ကတော့ ဒိုင်ယာရီတွေ ကဗျာတွေ ရေးဖြစ်ပေမဲ့ ကျောင်းသားဘ၀ကို ကျော်လွန်ပြီး အလုပ်ခွင်ကို ၀င်ရပြီ ဆိုတာနဲ့ စာရေးဖို့ဆိုတာ သက်သက် အချိန်ပေးရတဲ့ အရာ တစ်ခု ဖြစ်လာတာပါ။ ဒါပေမဲ့ လည်း ကျွန်တော် လေ့လာတာတွေ၊ ကျွန်တော် တွေးမိတာ တွေ၊ ကျွန်တော် ဝေမျှ ချင်တာတွေ အကုန်လုံးကို ဝေမျှ နိုင်ဖို့အတွက် ကျွန်တော် စာရေးမှ ဖြစ်မှာပါ။ မဟုတ်ရင် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ တွေးမိတဲ့ အတွေး တွေ ၊ မှားမိတဲ့ အမှားတွေ ဟာ လေထဲမှာ ပျောက်သွားမှာပါပဲ။ဒါကြောင့် ဒီဘလော့ခ်မှာ ကျွန်တော့် အတွေး အခေါ်တွေ၊ အတွေ့အကြုံတွေ ထင်မြင်ချက်တွေကို မှတ်တမ်းတင်သွားပါမယ်။ ဒီ ဘလော့ခ်ကို ဖတ်မိသူတွေ အားလုံးမဟုတ်တောင် တစ်ဦးတစ်လေ အတွက် အကျိုး တစ်စုံတစ်ခု ဖြစ်စေရင်တောင် ကျွန်တော့် အနေနဲ့ ကျေနပ်ပါပြီ။