ရှေ့ ဆောင်းပါးတွင် ရူဘီ ၏ object အခြေခံသဘာဝအားဖော်ပြခဲ့ပါသည်။ ယခုဆောင်းပါးတွင် ရူဘီ၏ ပင်မ စွမ်းအားတစ်ခု ဖြစ်သော Module များ အကြောင်းကို ဖော်ပြသွားမည် ဖြစ်ပါသည်။
Module များအား တည်ဆောက်ခြင်း
Module များသည် class များကဲ့သို့ပင် method များ၊ instance variable များ၊ class variable များ၊ constant များအား ခြုံ ငုံ ထည့်သွင်းထားနိုင်သော၊ အမည်ပေးနိုင်သည့် ကုတ်အစုအဝေးတစ်ခု ဖြစ်ပါသည်။ သို့ရာ တွင် Module တစ်ခုကို အသုံးပြု ၍ class တစ်ခုကဲ့ သို့ object instance များ တည်ဆောက်ခြင်း မပြု နိုင်ပါ။ Module တစ်ခုကို တည်ဆောက်လိုပါက class keyword နေရာတွင် module keyword ကို အစားထိုးသုံးစွဲရပါသည်။ ထို module keyword နှင့် end keyword အကြားတွင် class တစ်ခုကဲ့သို့ ပင် method များ ကြေညာခြင်း၊ Constant များကြေညာခြင်း အစရှိသဖြင့် ပြု လုပ်နိုင်ပါသည်။ သို့ရာတွင် Module များသည် class တစ်ခုကဲ့သို့ instance object များ မတည်ဆောက်နိုင်သည့်အတွက် initialize hook method အားအသုံးပြု နိုင်မည် မဟုတ်ပါ။ဥပမာ
1 2 3 4 5 | |
Module များ အား အဓိက အား ဖြင့် namespace များ တည်ဆောက်ရာ၌လည်းကောင်း၊ class များအတွင်း တူညီသော functionality တစ်ခုအား mix-in များ အဖြစ်ရောမွှေအသုံးပြု ရာ၌ လည်းကောင်း အသုံးချလေ့ရှိပါသည်။
Namespace အဖြစ်အသုံးပြု ခြင်း
ပရိုဂရမ်ရေးသားရာ ၌ တစ်ယောက်နှင့် တစ်ယောက် Class အမည်များ variable အမည်များ Constant အမည်များ တူညီခြင်း၊ ထပ်ခြင်း များ မဖြစ်ပေါ်စေရန် Namespace အမည်များဖြင့် ပိုင်းခြားရေးသားလေ့ရှိပါသည်။ ဥပမာ မိမိရေးသားသော class အမည်မှာ Document ဖြစ်သည်ဆိုပါစို့ ။ အကယ်၍ အခြားသူတစ်ယောက်ရေးသားထားသော ကုတ်တွင် လည်း Document ဟူသော class တစ်ခု တည်ဆောက်ထားပါက ထိုကုတ်နှစ်ခုကို ရောမွှေ အသုံးပြု ပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ရူဘီသည် အပွင့် class များကို အသုံးပြု ခြင်းဖြစ်ရာ Error မပြဘဲနှင့် မတူညီသော functionality များ ရှု ပ်ထွေးသွားနိုင်ပါသည်။ ဥပမာ
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 | |
1 2 | |
အထက်ပါ ကုတ်တွင် မိမိရေးသားထားသော Document class သည် အခြားသူရေးသားထားသော Document class နှင့် အသုံးပြုလိုက်သော အခါ ရူဘီ ၏ အပွင့် class သဘောတရားအရ နောက်မှရေးသော format method သည် မူလ format method အား overwrite ဖြစ်သွားပြီး “formatting as a docx” အဖြစ် output ထွက်သွားမည်ဖြစ်ပါသည်။
ထိုကဲ့သို့ အမည်ထပ်ခြင်းများ မဖြစ်ပေါ်စေ ရန် Module များ အား Namespace များ အဖြစ်အသုံးပြုနိုင်ပါသည်။ အထက်ပါ ဥပမာတွင် Document class အား မိမိ ကိုယ်ပိုင် module ကိုယ်စီအသုံးပြု ခြင်းအားဖြင့် ကုတ်နှစ်ခုရော ထွေးခြင်းကို ရှောင်ရှားနိုင်ပါသည်။ ဥပမာ
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 | |
1 2 | |
ထိုသို့ module များ အား Namespace အဖြစ်အသုံးပြု ပါက ၎င်း Namespace အတွင်းမှ Constant များအား Scope Resolution Operator :: ကို module အမည်နောက်မှ ခံ၍ အသုံးပြု ရပါသည်။ ဤနည်းအားဖြင့် module များကို အသုံးပြု ၍ မိမိလိုအပ်သလောက် Namespace များ အဖြစ် အဆင့်ဆင့် ညှပ် ၍ အသုံးပြုနိုင်ပါသည်။ စင်စစ်အားဖြင့် Class များသည်လည်း Module များ၏ sub-class များဖြစ်ရာ module များကဲ့သို့ ပင် အဆင့်ဆင့်ညှပ်၍ အသုံးပြု နိုင်သော်လည်း Namespace များသည် instance များအဖြစ်တည်ဆောက်ရန်မလိုအပ်သဖြင့် Module များကို အသုံးပြု ခြင်းက ပိုမိုသင့်လျော်ပါသည်။
Mix-in များ
Object-Oriented ပရိုဂရမ်များရေးသားရာ ၌ တူညီသောဂုဏ်ရည် ရှိသည့် အရာများအား inheritance အသုံးပြု ပြီးရေးသားလေ့ရှိပါသည်။ တစ်ခါတစ်ရံ object တစ်ခု သည် မတူညီသော object နှစ်ခု၏ ဂုဏ်ရည်မျိုး ရှိနေသောအခါများ ရှိတတ်ပါသည်။ ၎င်း အခြေအနေမျိုးတွင် Multiple inheritance(C++) အသုံးပြု ၍ဖြစ်စေ၊ Interface(Java) များ အသုံးပြု ၍ ဖြစ်စေ ရေးသားလေ့ရှိကြပါသည်။ ရူဘီတွင်မူ ထိုကဲ့ သို့ functionality တူသော အရာများ အတွက် Module များ အသုံးပြု ၍ functionality ကို မျှဝေသုံးပြီး ရေးသားလေ့ရှိပါသည်။ ဥပမာ programmer တစ်ယောက်သည် စာဖတ်သူ တစ်ယောက်ဖြစ်သလို စာရေးသူတစ်ယောက်လည်းဖြစ်သည်ဆိုပါစို့။ ထို အခါမျိုး တွင် စာဖတ်သူတစ်ယောက်၏ အလုပ်များ နှင့် စာရေးသူတစ်ယောက်၏ အလုပ်များ အား လုံးကို programmer တစ်ယောက်အားရရှိစေလိုပါက Programmer class အား Reader နှင့် Writer ဟူသော module နှစ်ခုအား မျှဝေလိုက်ခြင်းဖြင့် Reader နှင့် Writer တို့ ၏ စွမ်းရည်များအားလုံး ရရှိသွားစေမည် ဖြစ်ပါသည်။ထို ကဲ့သို့ မျှဝေခြင်းကို mix-in ဟုခေါ်ပါသည်။ ၎င်းကဲ့သို့ mix-in များ အဖြစ် အသုံးပြု ခြင်းသည် ပိုမို အသုံးဝင်ပြီး module များ ၏ စွမ်းရည်ကိုလည်း ပိုမိုပေါ်လွင်စေပါသည်။ဥပမာ
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 | |
1 2 3 4 5 6 | |
အထက်ပါကုတ် တွင် ပထမ Reader နှင့် Writer ဟူသော module နှစ်ခု ကြေညာလိုက်ပါသည်။ ထို အချိန်တွင် ၎င်း module နှစ်ခု၏ instance method များဖြစ်သော read နှင့် write တို့ကို တိုက်ရိုက်အသုံးပြု ၍ မရနိုင်သေးပါ။ ၎င်းတို့ကို အသုံးပြု နိုင်ရန် Programmer class အတွင်းသို့ include keyword ဖြင့် mix-in များ အဖြစ်ထည့်သွင်းလိုက်ပါသည်။ ထိုအခါ Programmer class ၏ instance အားလုံးတွင် Reader နှင့် Writer တို့၏ instance method များအား အသုံးပြု ခွင့်ရသွားပါသည်။ အကယ်၍ Programmer ကဲ့သို့ပင် Engineer တစ်ယောက်သည်လည်း စာရေး၊ စာဖတ်အလုပ်ကိုလုပ်နိုင်သည်ဆိုပါစို့။
1 2 3 4 5 6 7 8 9 10 11 12 | |
1 2 3 4 5 6 | |
အထက်ပါကုတ် တွင် မူလ ကြေညာခဲ့သော Reader နှင့် Writer module များကို ပင် Engineer class အတွင်းသို့ mix-in အဖြစ်ထပ်မံ include လုပ်လိုက်ပါသည်။ ထိုအခါ Engineer class ၏ instance များသည်လည်း read, write ဟူသော instance method များခေါ်ယူနိုင်သည့် object များဖြစ်လာပါသည်။ ဤ နည်းအားဖြင့် တူညီသော method များ အား module များ အဖြစ်ခွဲထုတ်ခြင်းအားဖြင့် ရေးရသော ကုတ်ပမာဏကို လျော့ကျစေပြီး လိုအပ်သလို mix-in ပြု လုပ်၍ သုံးစွဲနိုင်စွမ်းကို ရလာစေပါသည်။
ထိုကဲ့သို့ module များ အသုံးပြု ပုံကို ရူဘီ၏ core library အတွင်းတွင်လည်းတွေ့ရှိနိုင်ပါသည်။ ဥပမာအားဖြင့် core library အတွင်းတွင် object များ တစ်ခုနှင့်တစ်ခု >, < အစရှိသဖြင့် နှိုင်းယှဉ်စေနိုင်သော functionality အား Comparable module အဖြစ် တည်ဆောက်ထားပါသည်။ ထို့ကြောင့် မိမိတည်ဆောက်လိုက်သော class တစ်ခုတွင် >,< စသည်တို့ကို အသုံးပြု လိုပါက Comparable module အား mix-in လုပ်လိုက်ခြင်းအား ဖြင့် အသုံးပြုနိုင်ပါသည်။ မှတ်ရန်တစ်ချက်မှာ Comparable module အား mix-in လုပ်လိုသော class သည် <=> operator ကိုတော့ တည်ဆောက်ပေးရန်လိုပါသည်။သို့မှသာ မည်သည့် စည်းမျဉ်းကို အသုံးပြု ၍ နှိုင်းယှဉ်ရမည်ကို ခွဲခြားနိုင်မည်ဖြစ်ပါသည်။
include နှင့် extend
တစ်ခါတစ်ရံ module တစ်ခုကို mix-in လုပ်ရာတွင် ၎င်း၏ functionalityကို instance များထက် class level အဖြစ်သာ အသုံးပြု လိုခြင်းလည်းရှိနိုင်ပါသည်။ extend keyword သည် module တစ်ခုအား class level တွင် အသုံးပြု နိုင်အောင် ပြုလုပ်ပေးပါသည်။ ဥပမာ
1 2 3 4 5 6 7 8 9 10 11 | |
1 2 3 4 5 | |
အထက်ပါကုတ် တွင် Greeter module အား Person class အတွင်းတွင် extend လုပ်လိုက်ပါသည်။ ထို့ကြောင့် Greeter module အတွင်းမှ method များသည် Person class object ၏ method များ အဖြစ်အသုံးပြု၍ ရသွားပြီး class method အသုံးပြုသည့် အတိုင်း Person.greet ဟူ ၍ အသုံးပြုနိုင်သွားပါသည်။ သို့ရာတွင် extend ပြုလုပ်ခြင်းသည် မိမိ extend ပြုလုပ်လိုသော class object အတွင်း၌ သာ mix-in ပြုလုပ်ခြင်း ဖြစ်ပြီး ၎င်း class object ၏ instance object များအတွင်း၌ အသုံးမပြုနိုင်ပေ။ ထို့ကြောင့် Person instance p တွင် greet method ကို ခေါ်ကြည့်ပါက NoMethodError ပြမည်ဖြစ်သည်။ ထို့ကြောင့် include သည် instance object များအတွင်း အသုံးပြုနိုင်စေရန် mix-in လုပ်ပေးပြီး extend ကတော့ class method များ အဖြစ် အသုံးပြုနိင်စေရန် mix-in လုပ်ပေးသည် ဟု မှတ်နိုင်ပါသည်။ သို့ရာတွင် သိထားသင့်သည့် တစ်ချက် မှာ စင်စစ်အားဖြင့် extend နှင့် include များသည် keyword များ သဖွယ် အသုံးပြုသော်လည်း စင်စစ်အား ဖြင့် method call များသာ ဖြစ်ပါသည်။ include သည် Module class ၏ class method တစ်ခုဖြစ်ပြီး extend သည် Object class ၏ class method တစ်ခုဖြစ်ပါသည်။ Class class ၏ parent မှာ Module class ဖြစ်ပြီး Module class ၏ parent မှာ Object ဖြစ်ရာ class definition တစ်ခု အတွင်း၌ Module နှင့် Object တို့ ၏ method များကို ခေါ်ယူခွင့်ရှိခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် class method အမည်များပေးရာတွင် မလိုလားအပ်သော effect များ မဖြစ်အောင် include နှင့် extend method များအား overwrite မလုပ်မိဖို့လိုပါသည်။ထို့ အပြင် extend သည် Object class method တစ်ခုဖြစ်သည့် အတွက် class များ တွင်သာ မက မည်သည့် object တွင်မဆို အသုံးပြုနိုင်သည်ကို သတိချပ်ဖို့တော့လိုပါသည်။ ထိုသို့ object တစ်ခုချင်းအပေါ် အသုံးပြုနိုင်ပုံကို အောက်တွင် ထပ်မံဖော်ပြသွားပါမည်။
Pure Functional Module များ
တစ်ခါတစ်ရံ function တစ်ခု သည် မည်သည့် အခြေအနေကိုမှ မှီခိုခြင်းမရှိပဲ သူ့ဘာသာသူ ရှိနေတတ်တာမျိုး ရှိပါသည်။ ဥပမာ Math module တွင် sin, cos, log10 အစရှိသော Mathamatical function များသည် မည်သည့် object နှင့်မျှ ဆက်စပ်စရာမလိုပဲ argument ပေးရုံနှင့် အဖြေထွက်သော pure function များဖြစ်ပါသည်။ Pure function များ၏ ဂုဏ်ရည်မှာ တူညီသော parmeter အတွက် အမြဲတမ်းတူညီသော ရလဒ်ထွက်ပေါ်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ function များ ကို မည်သည့် object မှတစ်ဆင့် မခေါ်ပဲ တိုက်ရိုက်အသုံးပြု နိုင်ရန်အတွက်လည်း Module များကို အသုံးချနိုင်ပါသည်။ ထိုသို့ အသုံးပြုလိုပါက module_functionmethod ကို အသုံးပြုရပါသည်။ module_function method သည် private,protected အစရှိသော method များ နှင့် သုံးပုံအတူတူပင် ဖြစ်ပါသည်။ ဥပမာ
1 2 3 4 5 6 7 | |
1 2 3 | |
အထက်ပါကုတ်တွင် Greeter module ၏ greet method အား module_function ဖြင့် ကြေညာလိုက်သည့်အတွက် Greeter module မှ တစ်ဆင့်တိုက်ရိုက်ခေါ်ယူ၍ ရသွားပါသည်။ ဤနည်းအားဖြင့် မိမိ အသုံးပြု လိုသော function များအား class တစ်ခုအဖြစ် မတည်ဆောက်ပဲ module များအား function container များ အဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ အား ဖြင့် ရူဘီ core library မှ Math module တွင် sin,cos,log အစရှိသောfunction များသည် အထက်ပါ အတိုင်းဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ Math.sin, Math.cos စသဖြင့် ခေါ်ယူအသုံးပြုနိုင်ပါသည်။
Module များ ကို အသုံးပြု ၍ Monkey Patching ကို ရှောင်ရှားခြင်း
ရူဘီသည် အပွင့် class များဖြင့်တည်ဆောက်ထားသော language တစ်ခုဖြစ်ရာ core library class များ အပါအ၀င် မည်သည့် class ကို မဆို မိမိ လိုအပ်သလို ဖွင့် ၍ ပြင်ဆင်နိုင်ပါသည်။ ထိုကဲ့သို့ ပြင်ဆင်ခြင်းကို Monkey Patching ဟုခေါ်ပါသည်။ သို့ရာ တွင် Monkey Patching ၏ အားနည်းချက်မှာ မိမိပြင်ဆင်လိုက်သော functionality သည် အခြား ပရိုဂရမ်များက မှီတည်သုံးစွဲနေသော functionality ဖြစ်နေပါက မိမိပြင်ဆင်ချက်သည် မူလ ကုတ်နှင့် မကိုက်ညီလျှင် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြင်းဖြစ်ပါသည်။ ဥပမာ မိမိ သည် String class ၏ * method အလုပ်လုပ်ပုံအား
ပြင်ဆင်လိုသည်ဆိုပါစို့။
1
| |
1
| |
ဤကဲ့သို့ string ကို နောက်မှ concat လုပ်မည့်အစား array ဖြစ်သို့ ပြောင်းလဲသည့် functionality အား Monkey Patch လုပ်လိုက်မည်ဆိုပါစို့။
1 2 3 4 5 6 7 8 9 10 11 | |
1 2 | |
အထက်ပါအတိုင်း Monkey Patch လုပ် လိုက်ပါက မူ လ String.* method ၏ လုပ်ဆောင်ချက်သာ မက return type ပါပြောင်းလဲသွားပါသည်။ မိမိလိုချင်သော လုပ်ဆောင်ချက်ကို ရရှိသဖြင့် အဆင်ပြေပြီဟု ထင်ရသော်လည်း စင်စစ် အား ဖြင့် မူလ String.* ၏ လုပ်ဆောင်ချက် ပျက်ယွင်း သွားသဖြင့် ၎င်းအား တည်မှီနေသော method များ တွင် error တက်ကုန်မည်ဖြစ်ပါသည်။ အထက်ပါဥပမာ တွင် String class ကို ထပ်မံပွင့် မည်ဖြစ်ပါက * method သည် String return ပြန်ရမည့် အစား Array ပြန်ထားကြောင်း TypeError တက်မည်ဖြစ်ပါသည်။ အထက်ပါဥပမာ သည် သတိမထားပဲ Monkey Patching ၏ ဆိုးကျိုးကို မြင်သာစေပါသည်။ သို့ ရာ တွင် Monkey Patching သည် လုံးဝ အသုံးမကျ သော feature တစ်ခုတော့ မဟုတ်ပါ။ မူလ method များ၏ လုပ်ဆောင်ချက်အပေါ် မထိခိုက်စေပဲ အသုံးပြုနိုင်ပါက အလွန်အသုံးဝင်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။
Module များ ၏ Mix-in functionality ကို အသုံးချ၍ မိမိသုံးလိုသော object တွင် Module ကို extend လုပ်ပြီး စွမ်းဆောင်ရည် ထပ်ဖြည့်ချင်းအားဖြင့် Monkey Patching ကို ရှောင်လွှဲနိုင်ပါသည်။ ဥပမာ မိမိတို့ သည် အထက်ပါ * method Monkey Patch အား Module method တစ်ခုအဖြစ်တည်ဆောက်နိုင်ပါသည်။
1 2 3 4 5 6 7 8 9 10 11 12 13 | |
1 2 3 4 | |
အထက်ပါ ဥပမာ တွင် မိမိ လိုချင်သော String လုပ်ဆောင်ချက်အား မိမိသုံးလိုသော String object တွင်သာ extend လုပ်ခြင်းအားဖြင့် အခြားသော String instance များကို မထိခိုက်စေတော့ပါ။ ဤသည် မှာ object instance တစ်ခုချင်းအထိ ထိန်းချုပ် နိုင်သော ရူဘီ ၏ စွမ်းအားပင် ဖြစ်ပါသည်။
ဆက်ပါဦးမည်..
ကျေးဇူးတင်ပါသည်
dbc
ရှေ့ ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၎