ပြီးခဲ့ သောဆောင်းပါးတွင် Looping Structures များအတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ဖော်ပြခဲ့ပါသည်။ ယခု ရူဘီ ၏ object-oriented programming စွမ်းအား ကို မိတ်ဆက်ရန် အချိန်တန်ပြီဟုထင်ပါသည်။
Class and Objects
ရူဘီသည် programming style တစ်မျိုးထက်မက ရေးနိုင်သော multi-paradign language တစ်ခုဖြစ်ပါသည်။ ၎င်းတို့ ထဲတွင် မှ object-oriented programming(OOP) ကို များစွာအသားပေးထားပါသည်။ သို့သော် Java ကဲ့ သို့ class အခြေပြု OOP ပုံစံတစ်မျိုးထဲတော့ မဟုတ်ပါ။ ရူဘီတွင် အရာရာသည် object ဖြစ်ပါသည်။ ယုတ်စွ အဆုံး 1 , 2, 3 အစရှိ interger literal များ သည် ပင် object များ ဖြစ်ပါသည်။ ရူဘီ တွင် primitive data type ဟူ ၍ မရှိပါ။ ရူဘီ object များ အချင်းချင်း method call များ ဖြင့် message များ ပို့ ခြင်းအားဖြင့် အလုပ်လုပ်ပါသည်။ ရူဘီ သည် smalltalk ၏ object-based concept ကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရူဘီ ကို ထိထိရောက်ရောက် အသုံးချလိုလျှင် ရူဘီ ၏ object model ကို တော့ နားလည်ထားဖို့ လိုအပ်ပါသည်။ပထမဦးစွာ အခြား OOP language များကဲ့ သို့  အသုံးပြုပုံကို ဖော်ပြပါမည်။
ပုံမှန် OOP ကဲ့ သို့ ပင် ရူဘီ တွင် class များ ကြေညာနိုင်ပါသည်။ class တစ်ခု သည် object တစ်ခု ဆောက်ဖို့ အတွက် blueprint တစ်ခု ဖြစ်သည်။ ရူဘီတွင် class တစ်ခုကို class keyword ဖြင့် တည်ဆောက်ပြီး class keyword နောက်တွင် မိမိ ကြေညာလိုသော class နာမည်ကို ရေးရပါသည်။ ထို့နောက် end keyword ဖြင့် အဆုံးသတ်ပေးရပါသည်။ ထို class နှင့် end keyword နှစ်ခုအကြားတွင်ရေးသော ကုတ်သည် ထို class နှင့်သက်ဆိုင်သော ကုတ်ပင်ဖြစ်ပါသည်။ဥပမာ
1 2 3 | |
အထက်ပါကုတ်တွင် Car ဟုခေါ်သော class တစ်ခု ကြေညာလိုက်ပါသည်။ class အမည်များသည် အကြီးစာလုံးဖြင့် စရပါမည်။ ဤ သတ်မှတ်ချက် မှာ constant များအတွက် သတ်မှတ်ချက်ပင်ဖြစ်ပါသည်။ရူဘီတွင် constant အားလုံးကို အကြီး စာလုံးဖြင့် စရေးရပါသည်။ စင်စစ်အားဖြင့် class အမည်များ သည် constant များသာ ဖြစ်ပါသည်။ အထက်ပါ Car class သည် မည်သည့် ကုတ် မှ မပါသော class အခွံတစ်ခုသာ ဖြစ်ပါသည်။ class တစ်ခု ထဲ တွင် member method များ member variable များ ပါဝင်နိုင်ပါသည်။
1 2 3 4 5 | |
အထက်ပါကုတ်တွင် Car class အတွင်းသို့ member method တစ်ခု ထည့် သွင်းလိုက်ပါသည်။ ထို Car class ကို အသုံးပြု၍ object တစ်ခု တည်ဆောက်လိုပါက new method ကို အသုံးပြု ရပါသည်။ Car.new ဟုဆိုလျှင် Car object တစ်ခုတည်ဆောက်လိုက်ခြင်းပင်ဖြစ်သည်။ new method သည် object instance တစ်ခု တည်ဆောက်သော method ပင် ဖြစ်ပါသည်။ ရူဘီ တွင် object instantiate လုပ် ပုံ မှာ ပုံ မှန် OOP language များ နှင့် ကွဲပြားပါသည်။ ရူဘီအတွက် class အမည် နှင့်ထပ် တူ constructor method မျိုး မလိုအပ်ပါ။ထို သို့ constructor ပုံစံအတိုင်း အသုံးပြုနိုင် ရန် အထူး method တစ်ခု ရှိပါသည်။ ထို method မှာ initialize method ဖြစ်ပါသည်။ ရူဘီတွင် Car.new စသဖြင့် object တစ်ခုတည်ဆောက်လိုက်သည်နှင့် ၎င်း object ၏ class defintion တွင် initialize method ရှိမရှိ စစ်ဆေးပြီး ရှိခဲ့ ပါ က ထို method ကို invoke လုပ်ပါသည်။ မှတ် ရမည့်တစ်ချက် မှာinitialize method သည် constructor မဟုတ် ပါ ။ Object constructor မှာ ရူဘီ မှ class အားလုံးအတွက် အလိုအလျောက်ပေးထားသော new method ဖြစ်သည်။ initialize method မှာ new ခေါ် သည့်  အချိန် တွင် dynamically ချိတ်ဆက်ပေးသော hook method တစ်ခုသာ ဖြစ်ပါသည်။သို့ရာတွင် initialize method အား constructor method တစ်ခု ကဲ့ သို့ အသုံးပြု၍ object member variable များ ကြေညာနိုင်ပါသည်။ဥပမာ Person class တစ်ခုတည်ဆောက်ကြည့်ပါမည်။ ၎င်း class တွင် first_name နှင့် last_name member variable နှစ်ခု ပါမည် ဆိုပါစို့ ။
1 2 3 4 5 6 | |
အထက်ပါ ပုံစံ သည် Member variable ၂ လုံးပါသော class တစ်ခုဆောက်လိုက်ခြင်းပင် ဖြစ်ပါသည်။၎င်း class ကို instantiate လုပ်မည်ဆိုပါက
1
| |
ဟု ရေးလိုက်ရုံပင်ဖြစ်သည်။ ဤ တွင် new method တွင် ပေးရသော parameter နှစ်လုံးသည် initialize method မှ လို အပ်သော parameter နှစ်လုံး အတိုင်းပင်ပေးရခြင်းဖြစ်သည် ကို သတိချပ်ရန်လိုပါသည်။အကယ်၍ Person.new("Mg") ဟူ၍ parameter တစ်လုံးသာ ပေးခဲ့ လျှင် အလုပ်လုပ်မည်မဟုတ်ပါ။ Wrong Argument error ဟု ပေါ်လာမည်ဖြစ်သည်။ ဤသည် မှာ Ruby Method များသည် ၎င်းတို့ကို ကြေညာထားသည့် method parity ခေါ် parameter အရေအတွက် အတိအကျ ဖြစ်ဖို့ လိုသော ကြောင့်ဖြစ်ပါသည်။ ထိုသို့ တင်းကျပ်သော parameter များ အစား လျော့ရဲ သော parameter များ အဖြစ် သုံးလိုပါက default parameter များ အသုံးပြုနိုင်ပါသည်။ default parameter များမှာ မည်သည့် parameter မှ မထည့် ပေးလိုက်ပါက default အဖြစ် ယူဆမည့်တန်ဖိုး တစ်ခုကို method definition သတ်မှတ်ချိန်တွင် ထည့်ပေးခဲ့ ရခြင်းဖြစ်ပါသည်။ ၎င်း၏ အသုံးပြု ပုံ မှာ မိမိ default ပေးလိုသော parameter နောက် တွင် ပေးလိုသော value ကို တစ်ပါတည်း assign သတ်မှတ်ပေးလိုက်ရပါသည်။ဥပမာ
1 2 3 4 | |
ထိုသို့ default parameter အသုံးပြု လိုက်ပါက Person.new ဟု မည်သည့် parameter မှ မပါပဲ ခေါ်လျှင်လဲ default parameter များ ကို အသုံးပြု၍ object တည်ဆောက်သွားမည်ဖြစ်ပါသည်။မှတ်ရန်တစ်ချက်မှာ ဤ နည်းသည် method parity check ကို ကျော်လွှားလိုက်ခြင်းမဟုတ်ပါ။ ရှိပြီးသား parameter များမှ တစ်ချို့ သို့မဟုတ် အားလုံးကို သာ optional ဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်သည်။မူလ parameter အားလုံးထက်ပိုပေး၍ method ကို ခေါ်ကြည့် ပါ က wrong argument error တက်ဦးမည်သာ ဖြစ်ပါသည်။
Inheritance
OOP ဖြင့် ရေးရသော language အားလုံးတွင် inheritance ကတော့ ပါကြသည်ချည်းပင်ဖြစ်ပါသည်။ ရူဘီ၏ inheritance မှာ Java ကဲ့သို့ single inheritance ဖြစ်သည်။ ရူဘီတွင် class တစ်ခုသည် အခြား class တစ်ခုတည်းဆီ မှ သာ inherit လုပ်လို့ ရပါသည်။ multiple inheritance ကို support မပေးပါ။ ရူဘီ ၏ inheritance syntax မှာ မိမိ inherit လုပ်လိုသော base class ကို မိမိ class ကြေညာ ချက် နောက်တွင် < sign ဖြင့် တွဲရေးလိုက်ရုံသာဖြစ်ပါသည်။ဥပမာ Circle class သည် Shape class အား inherit လုပ်လိုသည်ဆိုပါစို့ ။
1 2 3 | |
အထက်ပါကုတ်အတိုင်းရေးလိုက်ရုံသာဖြစ်ပါသည်။ Inherit လုပ်ထားသော child class သည် parent class ၏ method များ၊ member variable များ အား အမွေ ဆက်ခံရရှိပါသည်။ အကယ်၍ parent class ၏ method တစ်ခုကို override လုပ်လိုပါက child class တွင် ထို method implementation code ကို ထည့်ရေးလိုက်ပါက parent class ၏ method အား override လုပ်ပြီးသားဖြစ်ပါသည်။ အကယ်၍ မူလ parent method ကို overriden method အတွင်း ခေါ်လိုပါကလည်း super keyword ဖြင့် ခေါ်နိုင်ပါသည်။ Java,C# အစရှိသော OOP language များ တွင် multiple inheritance ပုံစံအသုံးပြုလိုပါက Interface များ သုံးကြပါသည်။ ရူဘီ တွင် Interface မရှိပါ။ သို့သော် interface များ၏ functionality အပြင် အခြား စွမ်းဆောင်ရည်များပါဝင်သောmodule များ ရှိပါသည်။ module များ အကြောင်းကို module အကြောင်းရောက် မှ ဆက်လက်ရှင်းသွားပါမည်။
1 2 3 4 5 6 7 8 9 10 11 12 13 | |
1 2 3 | |
အထက်ပါ ဥပမာ တွင် မူရင်း Shape class ၏ draw method ကို child class ဖြစ်သော Circle တွင် override လုပ်ထားပါသည်။ ထို့နောက် Circle.new ဖြင့် Circle object တစ်ခု တည်ဆောက်၍ ထို objectအပေါ်တွင် draw method ကို ခေါ်လိုက်ပါသည်။ ဤ နေရာတွင် super keyword ကို အသုံးပြုပြီး မူလ class ၏ method ကို ခေါ်ထားပါသည်။
Access Modifier
Access Modifier သတ်မှတ်ခြင်း သည် OOP တွင် Data နှင့် interface ကို ခွဲခြားခြင်း (Encapsulation) အတွက် အရေးပါသော ဂုဏ်ရည် တစ်ခု ဖြစ်ပါသည်။ ရူဘီ တွင် variable များ နှင့် method များ ၏ scope ကို သတ်မှတ် ရန် access modifier keyword သုံးမျိုး ရှိပါသည်။ ၎င်းတို့မှာ public, private နှင့် protected တို့ ဖြစ်သည်။ public variable များ နှင့် method များအား မည်သူမဆို access လုပ်လို့ရပါသည်။ ရူဘီ တွင် Method အားလုံးအတွက် default modifier မှာ public ဖြစ်ပါသည်။ @ နှင့်စသော instance variable အားလုံး အတွက် modifier မှာ အမြဲတမ်း private ဖြစ်ပြီး မည်သူမျှ မပြင်နိုင်ပါ။ ထို့ကြောင့် class တစ်ခု ၏ member variable တစ်လုံးကို အသုံးပြုလိုပါ က method များကတစ်ဆင့်သာ အသုံးပြုနိုင်ပါသည်။private member များသည် ၎င်းတို့အား ကြေညာထားသော class အတွင်းမှ တစ်ပါး အခြား မည်သည့်နေရာတွင် မှ access လုပ်၍ မရပါ။ protected modifier ဖြင့်သတ်မှတ်ထားသော method များမှာမူ မူလ class နှင့် ၎င်း ၏ child class များ၊ သို့မဟုတ် မူလ class ၏ အခြားသော instance object တစ်ခု အစရှိသည်တို့ သာ access လုပ်၍ ရပါသည်။ method များ အား access modifier များ အသုံးပြု လိုပါက နှစ်မျိုး အသုံးပြုနိုင်ပါသည်။ ပထမတစ်မျိုးမှာ method definition အရှေ့ တွင် public, protected, private အစရှိသော modifier keyword များ ကြေညာရပါသည်။ဥပမာ
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 | |
အထက်ပါကုတ်တွင် public keyword အောက်မှ method အားလုံးသည် public method များ၊ private keyword အောက်မှ method များ သည် private method များ ၊ protected keyword အောက်မှ method များသည် protected method များ အသီးသီးဖြစ်ကြပါသည်။ ဒုတိယ တစ်မျိုးမှာ public,private, protected အစရှိသော built-in access control function များသုံးခြင်းဖြစ်သည်။ ၎င်း function များ နောက် တွင် မိမိ access modifier သတ်မှတ် လိုသော method အမည်များကို symbol အဖြစ် parameter ပေးလိုက်ရပါသည်။ ရူဘီ တွင် symbol ဆိုသည် မှာ : ဖြင့် စသော နာမည်များ ကို ဆိုလိုပါသည်။ method နာမည်များ hash key များ အတွက် symbol များကို သုံးပါသည်။ Symbol များ အကြောင်း ကို သက်ဆိုင်ရာ ခေါင်းစဉ် အောက်တွင်အသေးစိတ်ရှင်းသွားပါမည်။
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 | |
အထက်ပါ Person class သည် ပြီးခဲ့သော Person class နှင့် အတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် access modifier keyword များ အစား access modifier function များကို သုံးထားပါသည်။
Class level and Instance level variables, methods
Variable များ အကြောင်းပြောခဲ့စဉ်က@ ဖြင့်စသော instance variable များ နှင့် @@ ဖြင့် စသော class variable များရှိကြောင်း မိတ်ဆက်ခဲ့ပါသည်။ ယခုအကျယ်ထပ်ရှင်းပါမည်။ instance variable များသည် object တစ်ခု instantiate လုပ် မှ ထို object အတွက် တည်ဆောက်သော variable များဖြစ်ပါသည်။ ထို့ကြောင့် ClassName.new ပုံစံဖြင့် တည်ဆောက်မထားမချင်း အသက်ဝင် တည်ရှိသေးမည် မဟုတ်ပါ။ class variable များ မှာ class တစ်ခုလုံးနှင့် သက်ဆိုင်သော Singleton ဟုခေါ်သော တစ်ခုတည်းတည်ရှိသည့် variable များ ဖြစ်ပါသည်။ဥပမာ
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 | |
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 | |
အထက်ပါကုတ်တွင် class variable @@color အား car1 နှင့် car2 တစ်ခုခုမှ ပြောင်းလဲလိုက်ပါက ကျန်သည့် object များ အတွက် ပါ ပြောင်းလဲသွားကြောင်းတွေ့နိုင်ပါသည်။
variable ကဲ့သို့ ပင် method များတွင်လည်း class method နှင့် instance method နှစ်မျိုးရှိပါသည်။ သဘောတရားမှာ အတူတူပင်ဖြစ်ပါသည်။ instance method များသည် ClassName.new ပုံစံဖြင့် object တည်ဆောက်ပြီးမှ ထို object အပေါ်တွင် . sign အား အသုံးပြု၍ ခေါ်ရသော method များဖြစ်ပါသည်။ class method များမှာ ယေဘုယျ generic method များဖြစ်ပြီး Object တစ်ခု ချင်းစီနှင့် မသက်ဆိုင်သော ကုတ်များ ကို ထည့်သွင်းနိုင်ရန် ထားပေးထားခြင်းဖြစ်သည်။ class method များကို တည်ဆောက်လိုလျှင် method name ၏ ရှေ့ တွင် self keyword ကို ထည့်ပေးရပြီး ၎င်းတို့ကို အသုံးပြုလိုပါက ClassName.method_name ပုံစံဖြင့် class အမည်ကို တိုက်ရိုက်အသုံးပြု ၍ ခေါ်ရပါသည်။ ဥပမာ
1 2 3 4 5 6 | |
1 2 3 | |
အထက်ပါ ကုတ် တွင် ComputerStudent class အတွက် class level method တစ်ခု ကြေညာလိုက်ပါသည်။ ကျောင်း၏နာမည်သည် ကျောင်းသားတစ်ယောက်ချင်းစီနှင့် မသက်ဆိုင်ပဲ ကျောင်းတစ်ခုလုံးနှင့်သာ သက်ဆိုင်သည့် အတွက် ၎င်းကို class method ဖြင့် ကြေညာပါသည်။ ထို့ကြောင့် ကျောင်းနာမည်ကို သိရှိလိုပါက ကျောင်းသား object တစ်ခုတည်ဆောက်စရာမလိုပဲComputerStudent.school_name ဟု class method ကို လှမ်းခေါ်လိုက်ရုံဖြင့် output ထုတ်ပေးသွားမည်ဖြစ်သည်။ထို့ကြောင့် class method များအား object တစ်ခုကြေညာစရာ မလိုသည့် တစ်နည်းအားဖြင့် object member variable များကို အသုံးပြု စရာမလိုသည့် ယေဘုယျ အခြေအနေများ အတွက် အသုံးပြုနိုင်ပါသည်။
ဆက်ပါဦးမည်..
ကျေးဇူးတင်ပါသည်
dbc
ရှေ့ ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၂
နောက်ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၎