ပြီးခဲ့ သော ဆောင်းပါး တွင် ရူဘီ language မိတ်ဆက်အဖြစ် variable, types, condtionals စသည်တို့ အကြောင်း ရေးခဲ့ပါသည်။ ဆက်လက်၍ looping structures များ အကြောင်း ဖော်ပြသွားပါမည်။
Looping Structures
ပုံမှန်အားဖြင့် programming basic တွင် conditional များ ပြီးသည်နှင့် looping structure များ လာရမြဲ ဖြစ်သည်။ သို့ သော် ရူဘီ တွင် looping အသုံးပြု ပုံသည် အခြား language များနှင့် ခြားနားပါသည်။ Loop structure ကို သုံး ရန် အကြောင်းပြချက် အကြမ်းအားဖြင့် ၂ မျိုး ရှိသည်ဟု ဆိုနိုင်ပါသည်။ တစ်မျိုး မှာ အကြိမ်ကြိမ် အဖန်ဖန် လုပ်ရသော အရာ များ အတွက် သုံးခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာတော့ collection ဟုခေါ်သော data ကို အစုအဝေး ဖြင့် သိမ်းဆည်းသည့် data structure များကို သုံးခြင်း၊ ပြင်ခြင်း၊ အသစ်ထည့်ခြင်း များ ပြုလုပ်ရန်ဖြစ်သည်။ ရူဘီ တွင် နှစ်မျိုးလုံးအတွက် loop structure များ သီးသန့် ရှိပါသည်။ ပထမတစ်မျိုးတွင် အကျုံး ၀င်သော looping များ အတွက် loop, while,until နှင့် for in control structure များ ရှိသည်။အရိုးရှင်းဆုံးမှာ loop statement ဖြစ်သည်။
loop statement
loop statement ကို အရိုးရှင်းဆုံး infinite loop တစ်ခုအတွက်သုံးနိုင်သည်။ဥပမာ
1 2 3 | |
အထက်ပါ loop သည် user က ctrl+c မနှိပ်မချင်း loop ပတ်နေမည့် infinite loop တစ်ခုဖြစ်သည်။ သူ့ချည်း သက်သက်ကတော့ သိပ်အသုံးမ၀င် ပါ။ သို့ သော် ထို loop ကို control လုပ်နိုင်မည့် break, next နှင့် redo keyword များလည်းရှိပါသည်။ break keyword သည် loop ကို ရပ်သွားစေမည့် keyword ဖြစ်ပြီး next keyword ကတော့ လက်ရှိအကြိမ် ကျော် ၍ နောက်တစ်ကျော့ကို skip လုပ်မည့် keyword ဖြစ်သည်။ redo ကတော့ လက် ရှိအကျော့ကို ထပ်ကျော့ လုပ်စေမည့် keyword ဖြစ်သည်။ ၎င်း keyword များ ဖြင့် တွဲသုံးပါက loop statement သည် လည်း အစွမ်းထက်သော control structure တစ်ခု ဖြစ်လာပါသည်။
while loop
while statement ကတော့ အခြား language များ နှင့်ထပ်တူဖြစ်သည်။ while keyword နောက် တွင် ပေးထားသော အခြေအနေ တစ်ခု ပြေလည်နေသ၍ looping ပတ်ပေးမည့် statement ဖြစ်သည်။ ဥပမာ-
1 2 3 4 5 | |
အထက်ပါကုတ် သည် အောက်ပါအတိုင်း ထွက်လာမည်ဖြစ်သည်။
1 2 3 4 | |
until loop
untilstatement သည် while statement နှင့် ရေးသားပုံခြင်းတူပြီး while ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ until loop ၏ အသုံးပြု ပုံ မှာ until နောက်တွင် ပေးထားသော conditional မပြေ လည်သေးသ၍ပြုလုပ်မည်ဖြစ်ပြီး ပြေလည်သွားသည့်အချိန်တွင် ပြုလုပ်တော့မည် မဟုတ်ပေ။
1 2 3 4 5 | |
အထက်ပါကုတ် သည် အောက်ပါအတိုင်း ထွက်လာမည်ဖြစ်သည်။
1 2 3 4 5 | |
until နှင့် while မှာ if နှင့် unless ကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့ ကို one line loop များ အဖြစ် တစ်ကြောင်းပုံစံဖြင့်လည်းရေးနိုင်သည်။ဥ ပမာ puts i while i > 4 , puts i until i < 4 စသဖြင့် ပုံစံမျိုးလည်း သုံးလို့ရသည်။ ရူဘီ တွင် do while statement မရှိပေ။ do while ကဲ့ သို့ အနည်းဆုံးတစ်ကြိမ် လုပ်စေလို သော loop မျိုးတွင် loop instruction အား begin နှင့် end keyword များ အတွင်း ၌ ထည့်ပေးရသည်။ ဥပမာ
1 2 3 4 5 | |
အထက်ပါကုတ်တွင် begin end အတွင်းမှ expression သည် အနည်းဆုံး တစ်ကြိမ် အလုပ်လုပ် မည် ဖြစ်ပြီး အောက်ပါအတိုင်း ထွက်လာမည်ဖြစ်သည်။
1
| |
for in loop
for in loop သည် iterator ပုံစံမျိုးသုံးရသော loop ဖြစ်သည်။ ဒုတိယ အမျိုးအစား loop အတွင်း ၌ ပါဝင်သော်လည်း loop structure သက်သက် ပုံစံမျိုးဖြစ်၍ ဤ နေရာတွင် ဖော်ပြလိုက်ပါသည်။ for keyword နောက် တွင် မိမိ ထားလိုသည့် variable ကိုထား ၍ in keyword နောက်တွင် မိမိ ပတ်လိုသည့်  collection ကို ထည့်ပေးရသည်။ ဥပမာ Range object တစ်ခု ဖြစ်သော 1..4 ကို ပတ်လိုသည် ဆိုပါစို့ ။
1 2 3 | |
အထက်ပါအတိုင်း for in loop ကိုသုံးနိုင်သည်။
1 2 3 4 5 | |
အထက်ပါ looping control statement များ အားလုံး တွင် break , next, redo နှင့် retry keyword များကို သုံးနိုင်ပါသည်။ ရူဘီ သည် ပြသနာတစ်ခုကို နည်းလမ်းမျိုးစုံ နှင့် ဖြေရှင်းနိုင်သော language တစ်ခု ဖြစ်ပါသည်။ အမှန်အကန်ဆုံးနည်း ဟူ၍ မရှိပါ။ မိမိ အဆင်ပြေသလို ယူသုံးယုံပင်ဖြစ်သည်။ ရူဘီသည် code ၏ ဖော်ပြနိုင်စွမ်းကို အဓိကထားသည်ဖြစ်ရာ while loop ကို not conditional မျိုး နှင့် သုံးခြင်းထက် until loopကို သုံးခြင်းမျိုးကို ပိုမို အားပေးပါသည်။
ပုံမှန် ကြုံတွေ့ နေရသော ပြသနာများ တွင် data collection များကို ကိုင်တွယ်ပြင်ဆင်ရသော အခြေအနေမျိုးက များလေ့ရှိပါသည်။ ထိုအခြေအနေများ အတွက် ဒုတိယအမျိုးအစား loop များက ပို မို အသုံးဝင်ပါသည်။ထို ကဲ့ သို့ looping များအတွက် ရူဘီ standard library အတွင်း iterator ပုံစံ method များ စွာ ထည့်သွင်းပေးထားပါသည်။ ထို method များ သည် ရူဘီ ၏ block ,proc နှင့် lambda object များ ၏ သဘာဝကို အခြေခံထားပါသည်။ ဤနေရာတွင် ၎င်းတို့ အကြောင်းကို အကြမ်းမျှသာ ရှင်းပြီး အသုံးများသော iterator method များကို ဖော်ပြသွားပါမည်။
each method
iterator များ အနက် အသုံးဝင်ဆုံး method မှာ each method ဖြစ်သည်။ each method သည် Enumerable module ၏ method တစ်ခုဖြစ်သည်။ Array, Hash အစရှိသော collection object များတွင် ထည့်သွင်းပေးထားပါသည်။ each method ကို ခေါ်လိုလျှင် collection object ဖြင့် ခေါ်၍ parameter အဖြစ် block တစ်ခု ပေးရပါသည်။ ရူဘီ တွင် block ဆိုသည်မှာ execute ပြု လုပ်နိုင်သော ကုတ်အပိုင်းအစတစ်ခု ဖြစ်သည်။ ထူးခြားချက်မှာ ထို ကုတ်အပိုင်းအစကို method များတွင် parameter အဖြစ် ပေးနိုင်ခြင်းဖြစ်သည်။ဥပမာ Array တစ်ခုကို each method အသုံးပြု ၍ iterate လုပ်လိုသည်ဆိုပါစို့ …
1 2 3 | |
အထက်ပါကုတ် တွင် [1,2,3,4] သည် Array တစ်ခုဖြစ်ပြီး ထို Array ပေါ်တွင် .each ဟူ၍ each method ကို ခေါ်လိုက်သည်။ ထို့နောက် ၎င်း each method အား do နှင့် end နှစ်ခုအကြားတွင် ကုတ်အပိုင်းအစ တစ်ခု အား block အဖြစ် parameter ပေးလိုက်ခြင်းဖြစ်သည်။ block တစ်ခု အား do ,end keyword နှစ်ခု အကြားတွင် ကုတ် အပိုင်းအစကို ရေးခြင်းဖြင့်လည်းကောင်း၊ {,} တွန့်ကွင်း နှစ်ခု အကြားတွင် ကုတ်အပိုင်းအစရေးခြင်းဖြင့် လည်းကောင်း ဖော်ပြနိုင်သည်။ ဤ နေရာ တွင် do , end ပုံစံကို သုံးထားခြင်းဖြစ်သည်။ do ၏ နောက်ကပ်ရပ်တွင် | character နှစ်ခု အကြား ရေးထားသော i သည် ထို ကုတ်အပိုင်းအစ အတွက် parameter တစ်ခု ဖြစ်သည်။ (~ block အကြောင်းကို သက်ဆိုင်ရာ ခေါင်းစဉ်အောက်တွင်အသေးစိတ်ထပ်မံရှင်းသွားပါမည်။)
each method ၏ အလုပ်လုပ်ပုံမှာ Collection အတွင်းမှ item တစ်ခုချင်းစီကို ပေးထားသည့် block အား parameter အဖြစ် ပေး၍ execute လုပ် စေခြင်း ဖြစ်သည်။ for in loop နှင့် အလုပ်လုပ်ပုံခြင်းဆင်တူဖြစ်သည်။ ထို့ကြောင့် Array အတွင်း တွင် item 3 ခု ရှိပါက item တစ်ခုချင်းစီကို parameter အဖြစ်သုံး၍ block အတွင်းမှ ကုတ်အပိုင်းအစကို သုံးခါ အလုပ်လုပ်သွားမည်ဖြစ်သည်။
အထက်ပါ ဥပမာ တွင် Array item များဖြစ်သော 1,2,3,4တို့ကို သုံး၍ တစ်ခု ချင်းစီကို i အဖြစ်ဖြင့် puts i statement ကို အလုပ်လုပ်သွားပြီး အောက်ပါအတိုင်း ထွက်လာမည်ဖြစ်သည်။
1 2 3 4 5 | |
each method သည် အလွန်အသုံးဝင်သော method တစ်ခုဖြစ်ပါသည်။ ထို့ အပြင် each method သုံးထားသော ကုတ်ကို ကြည့်ပါ။ [1,2,3,4].each english ဘာသာဖြင့် ၁ ၂ ၃ ၄ တစ်ခုချင်းစီကို ဟု ရေးထား ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် each method သည် ဘာလုပ်မည် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသားဖြစ်သည်။ ထို့ အပြင် ကျွန်တော်တို့ သည် each ဟုပြောလိုက်ချင်းအားဖြင့် တစ်ခုချင်းစီ မှန်း သိပြီးသားဖြစ်သည်။ ကျွန်တော်တို့ အသုံးပြု လိုသော collection တွင် item ဘယ်နှစ်ခု ပါကြောင်း ကို ကျွန်တော်တို့ သိဖို့ မလို အပ်ပေ။my_array.each ဟု ဆိုလိုက်သည်နှင့်  my_array အတွင်းမှ item တစ်ခုချင်းစီကို သုံးမည်မှန်းသိပြီးသားဖြစ်သည်။ my_array တွင် item မည်မျှ ပါသည်ကို သိစရာမလိုပေ။ my_array မှာ item 5 ခု ပါလည်း ဤကုတ် က မှန်နေပြီး 10 ခု ပါလည်း မှန်နေမည်သာဖြစ်သည်။ my_array ၏ item အရေအတွက်ကဲ့ သို့ မလိုအပ်သော အချက်အလက်များအား ကျွန်တော်တို့ မှတ်ထားစရာမလိုတော့ပေ။ ထို့အပြင် my_array ၏ item အရေအတွက် ပြောင်းလဲခဲ့ လျှင် ပင် ကျွန်တောတို့ ကုတ် က မှန်နေမည် ဖြစ်ပြီး ကျွန်တော်တို့ ပြုလုပ်လိုသော အရာကို ကျစ်ကျစ်လျစ်လျစ် ဖြင့် ဖော်ပြနိုင်ခြင်းသည်က ပင် ရူဘီ ၏ စွမ်းအားဖြစ်ပေသည်။
times method
each ကဲ့သို့ အသုံးဝင်ပြီး ကျစ်လျစ်သော နောက် ထပ် method တစ်ခုမှာ times method ဖြစ်သည်။ times method မှာ 1,2,3.. အစရှိသော နံပါတ် object များအတွင်း ထည့်သွင်းပေးထားသော method ဖြစ်သည်။ ၎င်း၏ english အဓိပ်ပါယ် အတိုင်း ဘယ်နှကြိမ် ဟူသော အဓိပ်ပါယ်မျိုးဖြစ်သည်။ ဥပမာ 4.times ဆို လျှင် ၄ ကြိမ်၊ 5.times ဆိုလျှင် ၅ ကြိမ် အစရှိသဖြင့် အကြိမ်အရေအတွက် အတိအကျ ပတ်လို သော loop structure များတွင် အသုံးပြု သည်။ ၎င်း သည် လည်း each method ကဲ့သို့ block တစ်ခုကို parameter အဖြစ် လက်ခံပြီး ထို block ကို သတ်မှတ်ထားသောအကြိမ်အရေအတွက် အတိုင်း execute လုပ်ခြင်းဖြစ်သည်။ times method အတွက် block parameter သည် optional ဖြစ်သည်။ parameter ထည့်ပေးခဲ့လျှင် ထို parameter အတွင်း loop counter ကို ထည့်၍ ကုတ်အပိုင်းအစကို execute လုပ်သွားမည်ဖြစ်သည်။ သတိထားရမည်မှာ loop counter မှာ 0 မှ စတင်ခြင်းဖြစ်သည်။
1 2 3 | |
1 2 3 4 | |
upto method
upto သည် လည်း times ကဲ့ သို့ ပင် နံပါတ် object များဖြင့်သုံးရသော method ဖြစ်သည်။ upto က နောက်ထပ် parameter တစ်ခု ပိုလိုသည်။ မည် ၍ မည်မျှ အထိ ဟူ သည့် parameter ဖြစ်သည်။ ဥပမာ 1.upto 10 ဆိုလျှင် 1 မှ 10 အထိ , 5.upto(10) ဆိုလျှင် 5 မှ 10 အထိ (~ ၀ိုက်ကွင်းမှာ optional ဖြစ်သည်) စသဖြင့် သုံးနိုင်သည်။ ၎င်း သည် လည်း block တစ်ခု လိုပါသည်။ times ကဲ့သို့ပင် block အတွက် parameter မှာ optional ဖြစ်သည်။
1 2 3 | |
1 2 3 4 | |
step method
step method သည် loop counter step ကို 1 ထက်ပို ချင်သော အခါ ၌ အသုံးကျသော method တစ်ခုဖြစ်သည်။ step method အတွက် parameter နှစ်ခု နှင့် block တစ်ခု ပေးရပါသည်။ ပထမ parameter မှာ upto ကဲ့ သို့ မိမိ ပတ် လိုသည် အထိ နံပါတ်ကို ပေးရပြီး ဒုတိယ parameter မှာ မိမိ ပေါင်း လိုသော loop coutner step ကို ပေးရပါသည်။ အကယ်၍ loop တစ်ကြိမ် လျှင် 2 ပေါင်း လို ပါ က ဒုတိယ parameter အား 2 ပေးရပါမည်။ ဥပမာ-
1 2 3 | |
အထက်ပါကုတ် တွင် 3 မှ နေ၍ 10 အထိ တစ်ကြိမ်လျှင် 5 စီ တိုးသွားသော loop ပတ်ထားခြင်း ဖြစ်သည်။
1 2 3 | |
step method မှာ အသုံးနည်းသော်လည်း တစ်ဆင့်ထက်ပိုပေါင်းသော loop များအတွက် အလွယ်တကူ အသုံး ပြုနိုင်သော method တစ်ခု ဖြစ်ပါသည်။
each_with_index method
နောက်ဆုံးအနေ နှင့် iterator method များ ထဲမှ each နည်းတူ အသုံးများသော method တစ်ခု ကို ဖော်ပြချင်ပါသည်။ each_with_index method သည် each method ၏ block တွင် parameter တစ်ခု ပို လာ သော မျိုးကွဲတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ collection များ အသုံး ပြု ရာ တွင် တစ်ခါတစ်ရံ collection item ကို သာ မက ၎င်း item ၏ index ကို ထည့် သွင်း အသုံးပြု လို သော အခါများ ရှိတတ်ပါသည်။ ထို အခါများတွင် လွန်စွာ အသုံးဝင်လာသော method တစ်ခု ဖြစ်ပါသည်။ ဥပမာ Array တစ်ခု အား item ရော index ပါ output ထုတ်လိုသည် ဆိုပါစို့။
1 2 3 4 | |
each method တုန်းက ကျွန်တော်တို့ ၏ block တွင် variable တစ်လုံးသာ ထည့်ပေးလိုက်ပါသည်။ ယခု each_with_index method တွင်ဒုတိယ variable တစ်လုံးပါလာပြီး ထို variable မှာ item တစ်ခုချင်းစီ ၏ index ကို ထည့်ပေးလိုက်သော parameter တွင် ဖြစ်သည်။
1 2 3 4 5 6 7 | |
ရူဘီ ၏ collection iterator method များ စွာ ကျန်ပါသေးသည်။ သို့သော် ယခုဖော်ပြထားသော method များမှာ မကြာခဏ ကြုံတွေ့ အသုံးပြု ရ မည့် method များဖြစ်ပါသည်။ ရူဘီ standard library ၏ Enumerable module တွင် အသုံးဝင်သော method များစွာ ရှိပါသေးသည်။ ၎င်းတို့ကို အလျ ဉ်းသင့် လျှင် ထပ်မံဖော်ပြသွားပါမည်။
ဆက်ပါဦးမည်..
ကျေးဇူးတင်ပါသည်
dbc
ရှေ့ ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၁
နောက်ဆောင်းပါး : Ruby နှင့် တွေ့ ဆုံ ခြင်း ၃